လူရယ်လို့ဖြစ်လာရင် ကိုယ့်အတ္တတွေ ၊သင်္ခါရတွေ ၊ မာနတွေနဲ့ နပန်းလုံးရင်း ဘ၀ဆိုတဲ့ တိုက်ပွဲကြီးကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ.. ဒါ့ပေမယ့် ကျနော်တို့ဘ၀က သူတစ်ပါးအတ္တတွေ ၊ အငြိုးတွေ ၊ မကျေနပ်ချက် တွေကြားမှာ ခိုးကိုးရမဲ့ အသက်ရှူခဲ့ရတာပါ..။ အဖွဲ့အစည်းတစ်ခုရဲ့ အလိုရမ္မက် ဒါမှမဟုတ် နှစ်ဦး နှစ်ဖက် မသင့်မြတ်မှုတွေက အစပြုပြီး ယမ်းခိုးတွေဝေနေခဲ့ရတဲ့ မွေးရပ်မှ ဝေးရာကို တိမ်းရှောင်ရင်း အခြားသူတွေရဲ့ သနားညှာတာမှုအောက်မှာ သဒ္ဒါပိုလို့ ယိုဖိတ်မေတ္တာတွေမှီဝဲနေရရှာတဲ့ ဒုက္ခသည်ဘ၀ကို မလိုချင်ဘဲ ရောက်ခဲ့ ရတာပေါ့…။
ကျနော့်သားနဲ့သမီးဟာ အဖြစ်ဆောက်ထားတဲ့ မိုးမလုံ၊နေမလုံ အိမ်လေးရဲ့နဘေးမှာ...