"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

နှစ်ပတ်လည်ရတုများ

အထိမ်းအမှတ် နှစ်ပတ်လည်ရတုများအကြောင်းကို သိသလောက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

၁။   (၁)  နှစ်မြောက်     = စက္ကူ ရတု
၂။   (၂)  နှစ်မြောက်     = ဂွမ်း ရတု
၃။   (၃)  နှစ်မြောက်     = သားရေ ရတု
၎။   (၄)  နှစ်မြောက်     = ပိုး ရတု
၅။   (၅)  နှစ်မြောက်     = သစ်သား ရတု
၆။   (၆)  နှစ်မြောက်     = သကြား ရတု
၇။   (၇)  နှစ်မြောက်     = သက္ကလပ် ရတု
၈။   (၈)  နှစ်မြောက်     = ကြေး ရတု
၉။   (၉)  နှစ်မြောက်     = ဥဿဖရား ရတု
၁၀။ (၁၀)နှစ်မြောက်     = သံဖြူ ရတု
၁၁။ (၁၁)နှစ်မြောက်     = သံမဏိ ရတု
၁၂။ (၁၂)နှစ်မြောက်     = ချည် ရတု
၁၃။ (၁၃)နှစ်မြောက်     = ဇာပန်း ရတု
၁၄။ (၁၄)နှစ်မြောက်     = ဆင်စွယ် ရတု
၁၅။ (၁၅)နှစ်မြောက်     = သလင်း ရတု
၁၆။ (၂၀)နှစ်မြောက်     = ကြွေ ရတု
၁၇။ (၂၅)နှစ်မြောက်     = ငွေ ရတု
၁၈။ (၃၀)နှစ်မြောက်     = ပုလဲ ရတု
၁၉။ (၃၅)နှစ်မြောက်     = ကျောက်စိမ်း ရတု
၂၀။ (၄၀)နှစ်မြောက်     =ပတ္တမြား ရတု
၂၁။ (၄၅)နှစ်မြောက်     = နီလာ ရတု
၂၂။ (၅၀)နှစ်မြောက်     = ရွှေ ရတု
၂၃။ (၅၅)နှစ်မြောက်     = မြ ရတု
၂၄။ (၆၀)နှစ်မြောက်     = စိန် ရတု
၂၅။ (၇၅)နှစ်မြောက်     = ဒုတိယစိန် ရတု
၂၆။ (၉၀)နှစ်မြောက်     = န၀ရတ် ရတု

ကမ္ဘောဇသာဒီ နန်းတော်


ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှုးတင်ကာ "ဗညားကျန်းထော"ဘွဲ့ပေးပြီး သူပုန်ထကြသည်။အင်အား ၃၀၀၀၀ ကျော်သည်ဟုဆိုသည်။သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှုးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန်ကန်သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ရှိရှိသမျှသော် ပုန်ကန်သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှုးဖြစ်သူ ၇၀၀ ကျော်ကိုသာသတ်စေသည်။ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ် ချလေသည်။

နန်းသစ်တည်အစီအစဉ်များ

သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀၀ ရှိသည်။ သက္ကရာဇ် ၉၂၉၊တပေါင်းလပြည့်ကျော် ၃ ရက်၊သောကြာနေ့ တွင် ရွှေနန်းတော် ၆ ဆောင်အပါအ၀င် ကျန်အဆောင်အခန်းတို့ကို တည်စေသည်။ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊မွန်၊ရှမ်း၊ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊လက်သမား၊ပန်းရံ အတတ်တတ်သူများကို ခေါ်ဆောင်ကာ ဆောက်လုပ်စေသည်။

မြို့တံခါး ၂၀

မြို့တံခါးများကို အနောက်မြောက်ဖက်မှ စတင်ရေတွက်သည်။မြို့တံခါးတစ်ခုအတွက် လက်အောက်ခံ ပဒေသရာဇ်တစ်ဦးကျစီ တာဝန်ပေးပြီး တည်သူတို့၏ ပြည်ရွာအမည်အတိုင်း ခေါ်တွင်စေသည်။ထို တံခါးနှစ်ဆယ်မှာ
  1. ယိုးဒယားတံခါး
  2. တနင်္သာရီတံခါး
  3. မုတ္တမတံခါး
  4. ပုခန်းတံခါး
  5. ပုသိမ်တံခါး
  6. ပြည်တံခါး
  7. အင်းဝတံခါး
  8. တောင်ငူတံခါး
  9. ဒလတံခါး
  10. လင်းဇင်းတံခါး
  11. ဇင်းမယ်တံခါး
  12. မိုးမိတ်တံခါး
  13. မိုးညှင်းတံခါး
  14. မိုးကောင်းတံခါး
  15. ထားဝယ်တံခါး
  16. ကလေးတံခါး
  17. မိုးနဲတံခါး
  18. ညောင်ရွှေတံခါး
  19. သာယာဝတီတံခါး
  20. သိန္နီတံခါး - တို့ဖြစ်ကြသည်။

နန်းသစ်တက်ခြင်း

သို့ဖြင့် ၉၂၉ ခု၊တန်ခူးလပြည့်ကျော် ၄ ရက်၊တနင်္လာနေ့တွင် ရထားပြသာဒ်ကိုစီးကာ ထွက်တော်မူပြီးတောင်တံခါးမှဝင်ကာ နန်းသိမ်းလေသည်။အမည်ကိုလည်း ကမ္ဘောဇသာဒီ ဟု သမုတ်သည်။

နန်းတော်ပျက်စီးခြင်း

ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံသည် အချိန်တိုတိုအတွင်း ထီးနန်းဆက်ခံသည့် သားတော် နန္ဒဘုရင်လက်ထက်တွင် ပျက်စီးခြင်းသို့ရောက်လေသည်။အုပ်ချုပ်မှုမနိုင်နှင်းပဲ အောင်မြင်မှုမရှိသည့် စစ်များကို မကြာခဏဆင်နွဲသည့်အတွက် လက်အောက်ခံဖြစ်သည့် တောင်ငူဘုရင်ခံ မင်းရဲသီဟသူက ရခိုင်ဘုရင်မင်းဗာကြီးနှင့်ပူးပေါင်းကာ ပုန်ကန်သည်။တားဆီးနိုင်ခြင်းမရှိတော့ပဲ အိမ်ရှေ့မင်း မင်းရဲကျော်စွာ ပါတောင်ငူ အိမ်ရှေ့မင်းနတ်သျှင်နောင်ထံ လက်နက်ချသဖြင့် နန္ဒဘုရင်မှာ လွယ်လွယ်ဖြင့် အရှုံးပေးပြီး တောင်ငူသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ထိုနောက် တောင်ငူတပ်နှင့် ရခိုင်တပ်တို့ ကမ္ဘောဇသာဒီနန်းတော်နှင့် တကွ ဟံသာဝတီကို မီးတိုက်ဖျက်ဆီးလေသည်။သို့ဖြင့် အရှေ့တောင်အာရှတခွင်တွင် ကျော်ဇောလှသည့် ကမ္ဘောဇသာဒီနန်းတော်မှာ ပျက်စီးခြင်းသို့ ရောက်ရလေသည်။

ယနေ့ ကမ္ဘောဇသာဒီ

တပ်မတော်အစိုးရလက်ထက်တွင် အတွင်းရေးမှုး(၁)အဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ ဦးဆောင်မှုဖြင့် သမိုင်းပညာရှင်များ၊ဗိသုကာပညာရှင်များက ယခင်ကျန်ရစ်သည့် မီးသင့်နန်းတော်ရာနေရာမှ အကြွင်းအကျန်များ နှင့် သမိုင်းအထောက်အထား များကိုတိုက်ဆိုင်စစ်ဆေးပြီး အသစ်ပြန်လည်တည်ဆောက်စေခဲ့သည်။ထို့ကြောင့် ယနေ့တွေ့ရှိရသည့် ကမ္ဘောဇသာဒီနန်းတော်မှာ မူရင်းမဟုတ်ဘဲ အတတ်နိုင်ဆုံးတူညီအောင် တည်ဆောက်ထားသည့် နန်းတော်သစ်သာဖြစ်သည်။

(မောင်သုတ)
Ref : wikimyanmar

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ

  1. စ၀်ရွှေသိုက် (4.1.1948 - 16.3.1952)
  2. ဦးဘဦး (16.3.1952 - 13.3.1957)
  3. မန်းဝင်းမောင် (13.3.1957 - 2.3.1962)
  4. ဦးနေ၀င်း (2.3.1974 - 9.11.1981)
  5. ဦးစန်းယု (9.11.1981 - 25.7.1988)
  6. ဦးစိန်လွင် (25.7.1988 - 12.8.1988)
  7. ဦးအေးကို(ယာယီ)  (12.8.1988 - 19.8.1988)
  8. ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)
  9. ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

မြန်မာနိုင်ငံ ၁၉၄၈၊ ဇန်န၀ါရီ ၄ တွင် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် အကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိသည်။ လွှတ်တော်ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများ မဖြစ်စေရန် သမ္မတမှ ယာယီတာဝန်ယူအုပ်ချုပ်ပေးခြင်းမျိုးသာ ရှိသည်။ ထို ပါလီမန်ဒီမိုကရေစီခေတ်တလျှောက် သမ္မတတာဝန် ယူခဲ့သူများမှာ-
  1. စ၀်ရွှေသိုက်
  2. ဦးဘဦး
  3. မန်းဝင်းမောင်
တို့ဖြစ်သည်။
သို့ရာတွင် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ်မတော်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် အထက်ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရသည်။ ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တစ်ပါတီစနစ် ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထိုဖွဲ့စည်းပုံအရ တာဝန်ယူခဲ့သူသော သမ္မတများမှာ-
  1. ဦးနေ၀င်း
  2. ဦးစန်းယု
  3. ဦးစိန်လွင်
  4. ဦးအေးကို
  5. ဒေါက်တာမောင်မောင်
တို့ဖြစ်ကြသည်။

 ၁၉၈၈ (၈၈၈၈) လူထုအုံကြွမှုအပြီး တပ်မတော်မှ တဖန် အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်းမရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် နိုင်ငံအကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲပါဖြစ်သည်။ သို့ဖြင့် ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်ဘက်မှကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ မဲပေးချက်များအရ ဦးသိန်းစိန် သည် သမ္မတဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
  • ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ပြင်ဆင် သတ်မှတ် ဖြည့်စွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုဝန်ကြီးဦးရေကို လိုသလို သတ်မှတ်နိုင်သည်။ ဦးရေ တိုး/လျှော့ ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တဆင့် ပြည်ထောင်စုလွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်။

နိုင်ငံတော်သမ္မတသည်
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်သည်။
  • ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုးတွင် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။


နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော် မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သ၀ဏ်လွှာပေးပို့ခွင့် ရှိသည်။

လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေး ကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။

(မောင်သုတ)

ငြိမ်းချမ်းရေး နိုဘယ်ဆု

ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှုပညာရှင် အဲဖရက်ဘနာ့ဒ် နိုဘယ် (Alfred Bernhard Nobel)မှ ပေးအပ် ချီးမြှင့်သော နိုဘယ်ဆု ၅ ဆု အနက်မှ တစ်ဆု ဖြစ်သည်။ အခြား နိုဘယ်ဆု များမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးပညာနှင့် စာပေတို့ ဖြစ်ကြသည်။ နိုဘယ်၏ သေတမ်းစာအရ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နိုင်ငံများအကြား စစ်အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက် ရင်ဆိုင်ခြင်းများ လျော့ပါးစေခြင်းနှင့် ငြိမ်းချမ်းရေးမြှင့်တင်သူနှင့် ထိန်းသိန်းနိုင်သူ တို့ကို ပေးအပ်ချီးမြှင့်ရန် ရေးသားခဲ့သည်။
အဲလ်ဖရက်နိုဘယ်၏ သေတမ်းစာအရ နိုဘယ်ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားခဲ့ခြင်းကြောင့် ထိုဆုကို နှစ်တိုင်း နော်ဝေနိုင်ငံမြို့တော် အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ်သည်။ နိုဘယ်ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာ ၁၀ နေ့တွင် ဆုပေးပွဲ အစဉ်ကျင်းပသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အော်စလိုမြို့ရှိ နော်ဝေးဂျီယံနိုဘယ်ကော်မတီ (Norwegian Nobel Committee) က တာဝန်ယူဆောင်ရွက်သည်။
၎င်းအခမ်းအနားသို့ နော်ဝေဘုရင်တက်ရောက်သည်။ အော်စလိုတွင် ကျင်းပသော အခမ်းအနားတွင် နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌမှ ဘုရင်မင်းမြတ်ရှေ့တော်မှောက်တွင် ဆုပေးအပ် ချီးမြှင့်သည်။
နိုဘယ်ဆုရှင်သည် ပစ္စည်း ၃မျိုး လက်ခံရရှိသည်။ ၄င်းမှာ-
  1. ဒီပလိုမာ
  2. ဆွဲပြား
  3. ဆုကြေးပမာဏ ဖော်ပြထားသော ဆုလက်မှတ်
တို့ဖြစ်သည်။
အခမ်းအနားအပြီး နောက်နေ့တွင် ဆုနှင်းသဘင် ပျော်ပွဲရွှင်ပွဲကို အော်စလိုမြို့တော်ခန်းမတွင် ကျင်းပသည်။ ကျင်းပပုံကိုလည်း တိုက်ရိုက်ထုတ်လွှင့်သည်။ ကမ္ဘာကျော်များ တက်ရောက်ပြီး ကမ္ဘာနှင့်ချီပြီး ကြီးကျယ်ခမ်းနားသော အခမ်းအနားဖြစ်သည်။ နိုဘယ်ဆုရွေးချယ်မှုနှင့် ပတ်သက်ပြီး ရံဖန်ရံခါ အငြင်းပွားဖွယ် ကြုံရသည်မှာ နိုဘယ်ဆုရှင်သည် ယခင်က အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အချိန်တစ်ခုတွင်မှ အကြမ်းမဖက်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးတည်ခဲ့ခြင်းဖြစ်သည်။ ထိုဆုသည် ဆွီဒင်၊ စတော့ဟုမ်းမြို့တွင် ပေးအပ်ခြင်းမရှိသော တစ်ခုတည်းသော နိုဘယ်ဆုဖြစ်သည်။

အမျိုးသမီးများထဲမှ ထိုဆုရရှိသူ ၁၅ ဦးရှိပြီး အခြားနိုဘယ်ဆုများထက် အမျိုးသမီးဦးရေ ပိုများသည်။ ၂၀၁၁ အထိ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လူပုဂ္ဂိုလ် ၁၀၁ ဦးနှင့် အဖွဲ့အစည်း ၂၀ ကို ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ ကြားကာလအတွင် ထိုဆုမပေးသည်မှာလည်း ၁၉ ကြိမ် ရှိခဲ့ဖူးသည်။ ၄င်းဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် သူမ၏ အကြမ်းမဖက် ငြိမ်းချမ်းသော ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် ရရှိခဲ့ဖူးသည်။

(မောင်သုတ)

ပြည်ထောင်စုအင်္ဂါစဉ်


၁။    နိုင်ငံတော်သမ္မတ
၂။    ဒုတိယသမ္မတ (၁)
၃။    ဒုတိယသမ္မတ (၂)
၎။    ပြည်သူ့လွှတ်တော်ဥက္ကဌ
၅။    အမျိုးသားလွှတ်တော်ဥက္ကဌ
၆။    ပြည်ထောင်စုတရားသူကြီးချုပ်
၇။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၈။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ
၉။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၀။  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၁။  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
၁၂။  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ
၁၃။  ပြည်ထောင်စုဝန်ကြီးများ
၁၄။  ပြည်ထောင်စုရှေ့နေချုပ်
၁၅။  ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၆။  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ
၁၇။  ၀န်ကြီးချုပ်များ
၁၈။  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၁၉။  တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၀။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ
၂၁။  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ
၂၂။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ
၂၃။  ဥပဒေကြမ်းကော်မတီ
၂၄။  ပြည်သူ့ငွေစာရင်းကော်မတီ
၂၅။  လွှတ်တော်အခွင့်အရေးကော်မတီ
၂၆။  အစိုးရအာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ
၂၇။  တိုင်းမှူးများ
၂၈။  ဒုတိယ၀န်ကြီးများ
၂၉။  ဒုတိယရှေ့နေချုပ်
၃၀။  ဒုတိယစာရင်းစစ်ချုပ်
၃၁။  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊အဖွဲ့ဝင်များ
၃၂။  နေပြည်တော်ကောင်စီဝင်များ
၃၃။  တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ
၃၄။  ကာကွယ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးများ

(ကိုဇော်လေး)

ပထမ မြန်မာများ

1. ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်
2. ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

3. ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

4. ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား နှင့် မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)

5. ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
6. ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ=အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်

7. ပထမဆုံး အင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး

8. ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော်ဦးဥတ္တမ

9. ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

10. ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

11. ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ = လန်ဒန်အတ်ဦးအုန်းမောင်

12. ပထမဆုံး မြန်မာ့ရုပ်ရှင် စတန့်မင်းသား = ကျော်စိုး

13. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသား = ဦးကျော်ဝင်း

14. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး =ကြည်ကြည်ဌေး

15. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး

16. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား = ဦးကျောက်လုံး

17. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသမီး =ဒေါ်မေနွဲ့

18. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

19. ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာ = စိန်ဗေဒါ

20. ပထမဆုံး ကာလပေါ်ဝတ္ထုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင်မမယ်မ ၀တ္တု)

21. ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့် ဒေါ်စန်း

22. ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ = ဦးဖေမောင်တင်

23. ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ကထိက = ဒေါက်တာဘမော်

24. ပထမဆုံး စတီရီယို အဆိုတော် = တက္ကသိုလ်ထွန်းနောင်

25. ပထမဆုံး လေသူရဲ = မီးပုံးပျံ ဦးကျော်ရင်

26. ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

27. ပထမဆုံး နယ်လှည့် ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

28. ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၉၆၆)

29. ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန်(၁၈၉၀-၁၉၆၉) (ပြင်သစ်နှင့်ဂျာမနီပြန်)

30. ပထမဆုံး ညွှန်ကြားရေးမှူးချုပ် နှင့် အဏုမြူ စွမ်းအင် ဦးစီးဌာနတည်ထောင်သူ = ဒေါက်တာတင်လှိုင်

31. ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး(ရွှေတလေး)

32. ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ = ပညာမင်ကြီး စည်သူဦးကောင်း

33. ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်=ဒေါက်တာတင်မောင်

34. ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)၏ဥက္ကဋ္ဌ=ဦးရာရှစ်

35. ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ=စာရေးဆရာချစ်ညို (၁၉၂၄ - ၁၉၈၇)

36. ပထမဆုံး လူမှုထူးချွန် ပထမဆင့်ကို ရရှိသူ အမျိုးသမီး=ဟာဂျီမ ပျဉ်းမနားဒေါ်ပု(၁၉၀၆-၁၉၈၂)

37. ပထမဆုံး ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ =ဗိုလ်မှူးဒေါ်ခင်အုန်းမြ(ခေါ်) စာရေးဆရာမကြီး မြမာလာ

38. ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)


(မောင်သုတ)

ရှေးဦး ကမ္ဘာ့သမိုင်း အကျဉ်းချုပ် (အေဒီမတိုင်ခင် ဘီစီ ကာလများ)

  1. ဘီစီ ၈၀၀၀ ခန့် - တရုတ်ပြည်တွင် အိုးစလုပ်။
  2. ဘီစီ ၇၀၀၀ ခန့် - ကျောက်သံပတ္တမြားများတွင် ကြေးနဲ့တွဲသုံး။
  3. ဘီစီ ၆၅၀၀ ခန့် - ဆာဟာရတောင်ပိုင်း - ပထမဆုံး အာဖရိက အိုးစလုပ်။
  4. ဘီစီ ၃၁၀၀ ခန့် - ဆူမာရီယန်များရဲ့ စာပေအရေးအသား စတင်ထွန်းကား။
  5. ဘီစီ ၃၀၀၀ ခန့် - အီဂျစ်မှာ အရုပ်စာရေးနည်း စတင်ထွန်းကား။
  6. ဘီစီ ၂၆၀၀ ခန့် - မက်ဆိုပိုတေးနီးယားမှာ အစောဆုံး ဖန်ပုတီး စလုပ်။
  7. ဘီစီ ၂၅၅၀ ခန့် - အီဂျစ်တွင် ပိရမစ်များ စတင်ဆောက်လုပ်။
  8. ဘီစီ ၂၀၀၀ ခန့် - ခရိကျွန်းတွင် မိနိုအန်တို့၏ ပုံသင်္ကေတစာရေးနည်း စပေါ်။
  9. ဘီစီ ၁၉၀၀ ခန့် - ဘေလီလိုနီးယားတွင် ဂီလ်ဂါမက်ရှ် ကဗျာရည် မော်ကွန်း စရေး။
  10. ဘီစီ ၁၇၈၀ ခန့် - ဟမ်မူရာဘီ၏ ကိုဓ ဥပဒေ ပြဌာန်း။
  11. ဘီစီ ၁၆၀၀- ၁၄၀၀ ခန့် - မီနိုအန် ခရိကျွန်းတွင် အက္ခရာစဉ်ဖြင့် စာစရေး။
  12. ဘီစီ ၁၅၀၀ ခန့် - အီဂျစ်တွင် ဖန်အိုးဖန်ခွက် စလုပ်။
  13. ဘီစီ ၁၂၀၀ ခန့် - အိန္ဒိယတွင် ဝေဒကျမ်း ပြုစု။
  14. ဘီစီ ၁၂၀၀ ခန့် - တမန်တော်မိုးဇက်၏ ပညတ်တော် ၁၀ ပါး။
  15. ဘီစီ ၁၁၀၀ ခန့် - ပိုလီနီရှန်းတို့၏ စာအရေးအသား အက္ခ္ခ္ခ္ခ္ခရာ စထွင်။
  16. ဘီစီ ၁၀၀၀ ခန့် - တရုတ် မှင်ရေးဆေးခြယ် အတတ်စတင်။
  17. ဘီစီ   ၉၀၀ ခန့် - ဂရိတွင် အပိန်၊ အဖောင်း ၊ အထု၊ အရှည် ပုံသွင်းသောအိုးများ စလုပ်။
  18. ဘီစီ   ၇၇၆ ခန့် - အိုလံပစ် အားကစားများ စတင်ကျင်းပ။
  19. ဘီစီ   ၇၅၀ ခန့် - ကဗျာဆရာကြီး ဟိုးမားက အီလီယက်နှင့် သြဒက်စီ ကဗျာကြီး ရေးသား။
  20. ဘီစီ   ၆၀၄- ၅၃၁ ခန့် - တာအိုဝါဒကို တည်ထောင်သူ တရုတ်ပညာရှိ လောက်ဇူ။
  21. ဘီစီ   ၆၀၀ ခန့် - မာယန်တို့က တစ်ကယ်လ်တွင် ဘုရားကျောင်းများ ဆောက်လုပ်။
  22. ဘီစီ   ၅၈၅ - အနောက်တိုင်းတွင် ပထမဆုံး တွေးခေါ်ပညာရှင်ဟု ယူဆရသူ သေးလိစ် က နေစင်္ကြာဝဠာ၏ လှည့်ပတ်သွားလာပုံကို စတင်ဟောကိန်းထုတ်။
  23. ဘီစီ   ၅၇၀ ခန့် - အီစွတ်ပုံပြင်များ စပေါ်။ ဂ၇ိကဗျာဆရာမ ဆပ်ဖို ကွယ်လွန်။
  24. ဘီစီ   ၅၆၃- ၄၈၃ ခန့် - သိဒ္ဓတ္ထဂေါတမ ဗုဒ္ဓဘုရား။
  25. ဘီစီ   ၅၅၁- ၄၇၉ - ကွန်ဖြူးရှပ်။
  26. ဘီစီ   ၅၅၀ ခန့် - ပါရှားတွင် ဇရသုတ္ထရ၀ါဒ ထွန်းကား။
  27. ဘီစီ   ၅၂၅- ၄၆၅ ခန့် - ဂရိပြဇာတ်ဆရာ အက်စကီးလပ်စ်။
  28. ဘီစီ   ၅၀၀ ခန့် - ဒယ်လ်ဖီတွင် ပွဲကြည့်စင်ကြီးဆောက်။
  29. ဘီစီ   ၄၉၆- ၄၀၆ - ဂရိပြဇာတ်ဆရာ ဆိုဖိုကလိစ်။
  30. ဘီစီ   ၄၈၄- ၄၀၆ - ဂရိပြဇာတ်ဆရာ ယူရီပီးဒက်စ်။
  31. ဘီစီ   ၄၂၇- ၃၄၇ - တွေးခေါ်ပညာရှင် ပလေတို၊ ဘီစီ ၃၉၇ တွင် အေသင်တွင် အကယ်ဒမီထောင်။
  32. ဘီစီ   ၃၉၉ - ဆိုကရေးတီး အဆိပ်သောက်သေရန် အပြစ်ပေးခံရ။
  33. ဘီစီ   ၃၉၅ - သူစီဒီးဒက်စ် ၏ ပေလိုပိုနီးရှန်း စစ်သမိုင်းကျမ်း ထွက်။
  34. ဘီစီ   ၃၇၂- ၂၈၉ - တရုတ်တွင် တွေးခေါ်ပညာရှင် မင်စီယပ်စ်က ကွန်ဖြူးရှပ်ဝါဒ ချဲ့ထွင်။
  35. ဘီစီ   ၃၅၀ ခန့် - အိန္ဒိယတွင် မဟာဘာရတ ကဗျာရှည် ထွက်ပေါ်။
  36. ဘီစီ   ၃၄၁- ၂၇၀ - ဂရိတွေးခေါ်ပညာရှင် အက်ပီကူးရပ်စ်။
  37. ဘီစီ   ၃၄၀ ခန့် - အရစ္စတိုတယ် ဂီတသီအိုရီများ ဖေါ်ထုတ်။
  38. ဘီစီ   ၃၃၅ - အရစ္စတိုတယ် အေသင်မြို့တွင် လိုင်ကီယွန် ပညာရေးအဖွဲ့တည်ထောင်။
  39. ဘီစီ   ၃၃၀ - မဟာအလက်ဇန်းဒါး အောင်နိုင်တန်ခိုးထွားသည့် ဟယ်လင်နစ်ခေတ်အစ။
  40. ဘီစီ   ၃၂၀ ခန့် - ဂျော်ဒန်နိုင်ငံ ပက်ထရာတွင် နာဘာတေရန် ကျောက်ဂူအတွက် ကျောက်များကိုထွင်း။
  41. ဘီစီ   ၃၀၀ ခန့် - အလက်ဇန်းဒရီးယားတွင် မဟာစာကြည့်တိုက်ကြီး ထူထောင်။
  42. ဘီစီ   ၂၅၆ - အိန္ဒိယနိုင်ငံ မောရိယအင်ပါယာတွင် ဗုဒ္ဓ၀ါဒသည် နိုင်ငံတော် ဘာသာဖြစ်လာ။
  43. ဘီစီ   ၂၅၀ ခန့် - အိန္ဒိယတောင်ပိုင်းတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကား။
  44. ဘီစီ   ၂၁၅ ခန့် - တရုတ်တွင် မဟာတံတိုင်းကြီး စတင်တည်ဆောက်။
  45. ဘီစီ   ၂၁၀ ခန့် - အိန္ဒိယမြောက်ပိုင်းတွင် မဟာယာန ဗုဒ္ဓဘာသာ ထွန်းကား။
  46. ဘီစီ   ၂၀၀ ခန့် - ဟီဗရူးကျမ်းစာမှ စာသားများပါဝင်သော ပေစာလိပ်များ ပင်လယ်သေအနီး တွေ့ရှိ။
  47. ဘီစီ   ၁၉၅- ၁၅၉ - ရောမပြဇာတ်ဆရာ တားရန့်စ်။
  48. ဘီစီ   ၁၃၆ - တရုတ်အစိုးရ ကွန်ဖြူးရှပ်ဝါဒကို လက်ခံအသုံးပြု။
  49. ဘီစီ   ၁၂၀ ခန့် - ဗီးနပ်စ်နတ်သမီး ရုပ်တု ထုဆစ်။
  50. ဘီစီ    ၇၀- ၁၉ - ရောမ ကဗျာဆရာ ဗာဂေးလ်။
  51. ဘီစီ    ၅၉- ၁၇ - အီတလီသမိုင်းဆရာ လေဗီ ရောမသမိုင်းကျမ်း ပြုစု။
  52. ဘီစီ    ၅၀ ခန့် - အိန္ဒိယတွင် ဘဂ၀ါဂီတကျမ်း ထွက်ပေါ်။
  53. ဘီစီ    ၂၄ - ဟိုးရေ့စ် ၏ ပထမဆုံး ကဗျာကျမ်း အိုဒက်စ် ထွက်ပေါ်။
  54. ဘီစီ      ၄ ခန့် - သာမန်ကာလခေတ် ၃၀ ခန့် - ယေရှုခရစ်။
(မောင်သုတ)

လွှတ်တော် (Parliament) ဟူသည်

လွှတ်တော် ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် ဥပဒေပြုရေးအာဏာကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည် ဖြစ်စေ၊ မကျင့်သုံးသည် ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရစမြဲ ဖြစ်သည်။

မြန်မာ့လွှတ်တော် အဆောက်အအုံ

သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစမှ ဒီမိုကရေစီစနစ် နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးစဉ်က လွှတ်တော်အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များက တက်ရောက်ပြီး နိုင်ငံရေးရာ များ ဆွေးနွေးအဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလက တည်နေရာ အတည်တကျမရှိဘဲ မြို့တွင်းဈေးထပ်ရှိ မြေကွက်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ(ဖိုရမ်) ဆိုသည့် အသုံးအနှုန်းမှာ ဂရိဘာသာဖြင့် မြေကွက်လပ်ဖြစ်သည်။ နောင်တွင် ခေတ်သစ်ကမ္ဘာ၌  ဒီမိုကရေစီ ထွန်းကားလာခြင်းနှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည့်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။

ဗြိတိန်လွှတ်တော် အဆောက်အအုံ

ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသည်ဖြစ်စေ၊ သမ္မတစနစ် ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော်တော်များများတွင် လွှတ်တော်နှစ်ရပ် ထားရှိသည်။
လူဦးရေအချိုးအစားအလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့်လွှတ်တော်ကို အထက်လွှတ်တော်ဟု ခေါ်သည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုန်းများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဌာန်းသည့် အမည်များမဟုတ်ဘဲ လူအများ နားလည်စေရန် အလွယ်တကူခေါ်သည့် အသုံးများဖြစ်သည်။ ဥပမာ အမေရိကန်၏ အထက်လွှတ်တော်ကို "ဆီးနိတ်" ဟုခေါ်ပြီး အောက်လွှတ်တော်ကို "ဟောက်စ်" (House of Representatives) ဟုခေါ်ကာ လွှတ်တော်နှစ်ရပ်ပေါင်းကို "ကွန်ဂရက်" (Congress) ဟုခေါ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အောက်လွှတ်တော်ကို ပြည်သူ့လွှတ်တော်၊ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော်၊ နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော် ဟုသတ်မှတ်သည်။
သို့သော် လူဦးရေနည်းပြီး နယ်မြေဧရိယာ ကျဉ်းသော နိုင်ငံများနှင့် တစ်ပါတီစနစ် နိုင်ငံများတွင် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ မတိုင်မီ မ.ဆ.လ ပါတီ အုပ်ချုပ်စဉ်က ပြည်သူ့လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။

လွှတ်တော်နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန်နှင့် သက်တမ်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပုံသေပြော၍မရ။ ထိုသို့ဖြစ်ရသည်မှာ ဖွဲ့စည်းပုံအခြေခံဥပေဒများပေါ် မူတည်သည်။ သို့သော် နိုင်ငံအများစုတွင် ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ကိုယ်စားလှယ် ပိုများခြင်းတို့ကြောင့် အောက်လွှတ်တော်မှာ အာဏာပိုကြီးလေ့ ရှိသည်။ ဥပမာ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသည့် ဂျပန် အောက်လွှတ်တော်သည် ၀န်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်ထိ အာဏာရှိသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ်များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊ ၀န်ကြီးချုပ်တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို စိစစ်၍ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့ကို ပြုလုပ်ပေးရသည်။

လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်အမတ်များ၏ သက်တမ်းဟု ဆိုနိုင်သည်။ နိုင်ငံအများစုမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပိုတတ်သည်။ အမတ်တစ်ဦးအနေဖြင့် ပြည်သူတို့ ယုံကြည်လက်ခံသမျှ အကြိမ်အကန့်အသတ်မရှိ ရွေးခံနိုင်သည်။

လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ် က တင်သွင်းလာသည့် ဥပဒေမူကြမ်းကို မဲပေးကာ ၃ကြိမ်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ် နှင့် မသင့်မြတ်လျှင် သမ္မတ၊ ၀န်ကြီးချုပ်သည် အခြေခံဥပဒေက အပ်နှင်းထားသည့် အာဏာအရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော်အသစ်ဖွဲ့စည်းရန် ရွေးကောက်ပွဲကျင်းပခွင့် ရှိသည်။

မြန်မာ့လွှတ်တော်အစ
လွှတ်တော်အစ ပုဂံက ဟုဆိုနိုင်သည်။ နရပတိစည်သူမင်းသည် ဘိုးတော် အလောင်းစည်သူ၊ ဘကြီးတော် မင်းရှင်စော၊ ခမည်းတော် နာရသူနှင့် နောင်တော် နရသိင်္ခတို့ ထီးနန်းစိုးစံစဉ် ဖြစ်ပွားခဲ့ကြသည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှု၊ လုပ်ကြံမှုများကို သုံးသပ်မိဟန်ရှိသည်။ ထို့ကြောင့် နရပတိစည်သူမင်း မကွယ်လွန်မီကမင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ နရပတိစည်သူတွင် သားတော် ၅ဦး ရှိသည့်အနက် မိဖုရားငယ်တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခကို ရွေးချယ်၍ ပုဂံထီးနန်း ဆက်ခံခွင့်ပေးပြီး နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအာဏာကို တစ်ဦးတည်း သိမ်းပိုက်ခြင်းမရှိဘဲ နောင်တော်ကြီး ၄ဦးနှင့် ခွဲဝေကာ အညီအညွတ် အုပ်ချုပ်ကြောင်း မြန်မာ့ရာဇ၀င်တွင် ရေးသားထားသည်။ ထိုအချိန်မှစပြီး ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူသည်အထိ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်ကို တွေ့ရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါးခန့်ကာ အုပ်ချုပ်သော ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်မှ အုတ်မြတ်စချခဲ့သည်ဟု ဆိုရမည်။ မြန်မာ့ အုပ်ချုပ်ရေးရာဇ၀င်ကို ပြန်ကြည့်လျှင် လွှတ်တော်အားကောင်းသောအခါတွင် ဘုရင်၏ တန်ခိုးအာဏာကို ဟန့်တားနိုင်ရုံသာမက ဘုရင်ကို ရွေးချယ်နိုင်သည်ထိ အာဏာရှိခဲ့သည်။ တခါတရံ လွှတ်တော်အင်အား နည်းပါးချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေသဖွယ်လည်း ဖြစ်လာခဲ့သည်။

(MM Soldier)

"တစ်ကြိမ်အောင်မြင်ရင် ရပြီ" (KFC ရဲ့မူလအစ)

(ကျွန်တော် ဖတ်ဖူးတာလေးပါ.. ဘယ်ကလဲတော့ မမှတ်မိတော့ပါဘူး...)

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။
၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ ကျွန်တော်တို့ တော်တော်များများစားဖူးကြပြီး အကြိုက်တွေ့ကြတဲ့  Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David SandersColonel Sanders (September 9, 1890 – December 16, 1980) ပဲ ဖြစ်ပါတယ်။


"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။ 


(မောင်သုတ)

Related Posts Plugin for WordPress, Blogger...