"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

ဒီဆောင်းကုန်ရင် ပြန်လာမယ်အမေ


ဒီဆောင်းကုန်ရင် ..
ကျနော်ပြန်လာမယ် အမေ..

အရင်လို ကလေးတယောက် မဟုတ်တော့ပေမယ့်
ရင့်ကျက်မှု့တွေကို သင်ယူဆဲပဲ..

ဘ၀မှာ ချွင်းချက်တွေများလွန်းတော့
တခါတခါ ကျနော် အမေအတွက် စိတ်ပူမိတယ်..။

ဖြစ်ခွင့်ရဦးမယ်ဆိုရင်
အရင်တချိန်ကလို အမေ့နားမှာ ဆူငေါက်တာတွေခံချင်သေးတယ်

အမေ့ဂရုဏာ ဆုံးမမှု့တွေအောက်မှာ
ကျနော်ရဲ့ ဗိုက်ခေါက်ကြောတွေတောင်
အမေ့ကို လွမ်းလို့..

ဒီကောင်လေးတော့ နာဦးမယ်ဆိုတဲ့ ကြိမ်းမောင်းသံတွေက
သွေးထွက်အောင် နားဝင်ချိုတယ် အမေ..

အမေကျွေးတဲ့ ဟင်းတခွက်အတွက်
ခေါင်းတွေအခါခါရမ်းလို့
မစားချင်ဘူး ..
မကြိုက်ဖူးဆိုပြီး...
အသိခေါက်ခက် အ၀င်နက်တဲ့
ကျနော်ရဲ့ လုပ်ရပ်တွေအတွက်
အမေ စိတ်ဆင်းရဲ ခဲ့ရမှာပဲနော်..

တမြေဝေးဆီက သားထံသို့
အခါခါသတိပေး
မကြာမကြာရေးတဲ့ အမေရဲ့ စာလေးတွေကို ကြည့်ပြီး
ဆိုးမိုက်ခဲ့တာတွေ ၀န်ချ
ပြန်မရတော့တဲ့ အတိတ်က အမှားတွေအတွက်
အမေ့ရဲ့ ခြေဖမိုးထက်မှာ
ဦးညွှတ်ကာ ရှိခိုးလို့

ဟုတ်ကဲ့..
ဒီဆောင်းကုန်ရင် ကျနော် ပြန်လာခဲ့မယ်အမေ..။

(လွမ်းဝေ)
 —

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...