"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

နိုင်ငံရေး၊ နိုင်ငံတကာရေးရာ နှင့် ယနေ့ တပ်မတော်



"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»

(Zaw Win)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...