○◘♦စစ်ထွက်မှာတမ်း♦◘○
မငိုလိုက်ပါနဲ့...မေ
မလှမပ စကားတွေနဲ့
အညတရ စစ်သားဘ၀မှာ
အတူနေခွင့်ဆိုတာ ဘေးချိတ်
အလွမ်းတွေကို မျိုသိပ်ပြီး
မပြီးဆုံးသေးတဲ့
တာဝန်တွေအတွက်
မောင့်ချစ်သူနဲ့
အဝေးဆုံးကိုထွက်ခွါရဦးမယ် မေ..။
အနားမှာ မောင်မရှိခိုက်
အစစအရာရာ ဂရုစိုက်လို့
လမိုက်ညတွေလဲ
တွေးမကြောက်ပါနဲ့မေ...
အငွေ့အသက်တွေရှင်သန်နေတဲ့
အိပ်ရာဝင် အခန်းလေးထက်မှာ
အလွမ်းတွေ သီးကုံးပြီး
မောင့် ခေါင်းအုံးလေးကိုလဲ
ဖက် ငိုမနေနဲ့မေ...။
မျက်နှာခြင်းဆုံခဲ့
လက်ဆုံနွဲတဲ့ ထမင်းဝိုင်းလေးမှာ
နေရာလွတ်တနေရာစာအတွက်
မျက်ရည်တွေလဲ မဝေပါနဲ့မေ...။
တခဏတာ ဆိုပေမယ့်
အသက်ပါ
အာမ မခံတဲ့ခရီးမို့
တဘ၀စာလဲ နှတ်ဆက်နိုင်တယ်မေ...။
ကံကြမ္မာ အလှည့်အပြောင်းအောက်
မောင်များ ပြန်မရောက်နိုင်ခဲ့ရင်
တိုင်းအပြည်အတွက် အလဲအထပ်
မောင့်အသက်ကို နှင်းအပ်ခဲ့ရတာမို့
မောင်စုံမက်တဲ့
ကြင်ယာဖက်တယောက်အနေနဲ့
ဂုဏ်ယူပေးပါ မေ...။
မသွားခင် သည်ခရီးဦးမှာ
မောင့်ချစ်သူ နဖူးလေးကိုတော့
မရေမရာသေးတဲ့ အနာဂတ်အတွက်
အသေအချာလေးကြည့်ပြီး
ခပ်ကြာကြာလေးတော့ နမ်းခဲ့ပါရစေ မေ..။
မောင်ချစ်တဲ့မေရေ...
မောင်သွားမယ့်ခရီးက
အသက်ကိုလောင်းကြေးထပ်
ကံကြမ္မာကိုပုံအပ်ရတာမို့
အနှောင်အဖွဲကင်း
နောက်ဆံ မတင်းခဲ့ချင်ဘူး
ဒီအတွက်
မငိုလိုက်ပါနဲ့မေ...။
(လွမ်းဝေ)
မငိုလိုက်ပါနဲ့...မေ
မလှမပ စကားတွေနဲ့
အညတရ စစ်သားဘ၀မှာ
အတူနေခွင့်ဆိုတာ ဘေးချိတ်
အလွမ်းတွေကို မျိုသိပ်ပြီး
မပြီးဆုံးသေးတဲ့
တာဝန်တွေအတွက်
မောင့်ချစ်သူနဲ့
အဝေးဆုံးကိုထွက်ခွါရဦးမယ် မေ..။
အနားမှာ မောင်မရှိခိုက်
အစစအရာရာ ဂရုစိုက်လို့
လမိုက်ညတွေလဲ
တွေးမကြောက်ပါနဲ့မေ...
အငွေ့အသက်တွေရှင်သန်နေတဲ့
အိပ်ရာဝင် အခန်းလေးထက်မှာ
အလွမ်းတွေ သီးကုံးပြီး
မောင့် ခေါင်းအုံးလေးကိုလဲ
ဖက် ငိုမနေနဲ့မေ...။
မျက်နှာခြင်းဆုံခဲ့
လက်ဆုံနွဲတဲ့ ထမင်းဝိုင်းလေးမှာ
နေရာလွတ်တနေရာစာအတွက်
မျက်ရည်တွေလဲ မဝေပါနဲ့မေ...။
တခဏတာ ဆိုပေမယ့်
အသက်ပါ
အာမ မခံတဲ့ခရီးမို့
တဘ၀စာလဲ နှတ်ဆက်နိုင်တယ်မေ...။
ကံကြမ္မာ အလှည့်အပြောင်းအောက်
မောင်များ ပြန်မရောက်နိုင်ခဲ့ရင်
တိုင်းအပြည်အတွက် အလဲအထပ်
မောင့်အသက်ကို နှင်းအပ်ခဲ့ရတာမို့
မောင်စုံမက်တဲ့
ကြင်ယာဖက်တယောက်အနေနဲ့
ဂုဏ်ယူပေးပါ မေ...။
မသွားခင် သည်ခရီးဦးမှာ
မောင့်ချစ်သူ နဖူးလေးကိုတော့
မရေမရာသေးတဲ့ အနာဂတ်အတွက်
အသေအချာလေးကြည့်ပြီး
ခပ်ကြာကြာလေးတော့ နမ်းခဲ့ပါရစေ မေ..။
မောင်ချစ်တဲ့မေရေ...
မောင်သွားမယ့်ခရီးက
အသက်ကိုလောင်းကြေးထပ်
ကံကြမ္မာကိုပုံအပ်ရတာမို့
အနှောင်အဖွဲကင်း
နောက်ဆံ မတင်းခဲ့ချင်ဘူး
ဒီအတွက်
မငိုလိုက်ပါနဲ့မေ...။
(လွမ်းဝေ)







0 comments:
Post a Comment